မိုင်းပျဉ်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများအား ကြည့်ရှုအားပေး

မိုင်းပျဉ်း မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအား ဖြေဆိုမှုများအား ကြည့်ရှုအားပေးခြင်းကို ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းမှစတင်၍ တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မိုင်းပျဉ်းမြို့နယ်၊ အ.ထ.က စာစစ်ဌာနတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြရာ စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၃၄) ဦးရှိပြီး၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြီးစီးသည့်ရက်အထိ စိတ်အေးချမ်းသာစွာနှင့် ပျော်ရွှင်ချမ်း‌မြေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် ရုံးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က မိမိတို့စာမေးပွဲတစ်ခုသာ အာရုံပြုကြိုးစားကြရန်၊ ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် ရရှိသောအချိန်ကို တန်ဖိုးထား၍ ဘာသာရပ်အားလုံး ကြိုးစား‌ဖြေဆိုသွားကြရန် စသဖြင့် အားပေးစကားများ ပြောကြားခြင်း၊ အချိုရည်နှင့်မုန့်များ ကျွေးမွေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)