ရှမ်းပြည်နယ်

လွိုင်လင်မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လူငယ်များ ကျောင်းစာပေများအပြင်၊ ပြင်ပဗဟုသုတများ သိရှိလာစေရန်နှင့် အသိပညာ၊ အတတ်ပညာများ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

လင်းခေးစာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကျင်းပကြောင်း သိရသည်။

မူဆယ်မြို့ အ.ထ.က(၂)စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အ.ထ.က(၂)စစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ဖြေဆိုသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၁) သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းရှိ စစ်ရေးပြကွင်း၌ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၁) ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့်တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၈၄) ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၉)နာရီက အဆိုပါစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၅ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန (၃)ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာဖြင့် စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ (၁၆၄၈)ဦး ဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန  ၇ ခု မှ ကျောင်းသား၊ ကျောင်းသူ (၁၆၈၉)ဦး စာရင်းပေးသွင်းထားပြီး (၁၆၄၈)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က(၂)၊ အ.ထ.က(၃)နှင့် အ.ထ.က(၄)စာစစ်ဌာနတို့တွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊  ကျောင်းသူများ ဖြေဆိုလျက်ရှိသည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to ရှမ်းပြည်နယ်