နမ့်စန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

နမ့်စန်(တ) မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာရပ်)ကို ယနေ့နံနက် ၉ နာရီက အ.ထ.က(နမ့်စန်)စာစစ်ဌာနနှင့် အ.ထ.က(ခိုလန်)စာစစ်ဌာန(၂)ခုတို့၌ စတင်ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၄၈၈ ဦးတွင် လာရောက်ဖြေဆိုသူ ၄၆၂ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၂၆ ဦးရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်များနှင့် စက်သံများဆူညံမှုမရှိစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များမဖြစ်ပွားစေရေးနှင့်အခြားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)