မိုင်းဆတ်စာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မိုင်းဆတ် မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်စာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပကြောင်း သိရသည်။

အဆိုပါ စာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၁) ဦး ဝင်ရောက်ဖြေဆိုကြပါသည်။ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဒေသခံနယ်မြေတပ်ရင်းမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့မှ စာမေးပွဲပြီးမြောက်သည်အထိ စာမေးပွဲလုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)