မက်မန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မက်မန်း မတ် ၁၇

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၁ ခုမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ပထမနေ့ မြန်မာစာဘာသာရပ်ကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စိတ်အေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ရှေးဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန်စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျည်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မက်မန်းမြို့နယ်အတွင်း ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းရှိ (၃၆)ဦးစာရင်းပေးသွင်းခဲ့ပြီး ယနေ့ မြန်မာစာဘာသာရပ်ကို ကျား(၆) ဦး၊ မ(၂၇) ဦး စုစုပေါင်း (၃၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း (၃)ဦး ပျက်ကွက်ခဲ့ပြီး ဖြေဆိုသည့်ရာခိုင်နှုန်းမှာ (၉၁.၆၇)ရာခိုင်နှုန်းဖြစ်ပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ (၈.၃၃)ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်း စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်ဦးဆောင်၍ ကျောင်းဝန်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရှိရပါသည်။

အေဇ‌က်ထွန်း(မက်မန်း)