ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်

ကျိုင်းတုံ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က သင်တန်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များက အားကစားပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများပေးအပ်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)