ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ ကျင်းပ

ပင်လောင်း မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံစစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး‌‌ ဒေါ်မူမြစောက အမှာစကားပြောကြား‌ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေးက အခြေခံစစ်တုရင်သင်တန်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထို့နောက် အကြီးတန်းအဆင့်နှင့် အငယ်တန်းအဆင့် သင်တန်းသား လူငယ်လူရွယ်များ စစ်တုရင်ပြိုင်ပွဲတွင် ပထမဆုရရှိသူများအား ဒိုင်းဆု၊ ငွေသား၊ ဆုဆွဲပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ငွေသားဆု၊ ဆုဆွဲပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများ၊ သင်တန်းနည်ပြဆရာများက ပေးအပ်ခဲ့ကြောင်း၊ ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မူစန်းစန်းအေးက  သင်တန်းနည်းပြဆရာ နှစ်ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် စစ်တုရင်အရုပ်အမည်များ၊ အရုပ်တစ်ရုပ်ခြင်းစီ၏ အားသာချက်များ၊ ကစားနည်းများ စသည့် အခြေခံစစ်တုရင်ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)