မူဆယ် မတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အ.ထ.က(၂)စစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ဖြေဆိုသည်။
မူဆယ်မြို့ အ.ထ.က(၂)စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.ကကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ စာရင်းသွင်းထားသည့် ကျောင်းသား/သူ(၄၃၆)ဦးရှိပြီး၊ ပျက်ကွက်သူ(၁၁)ဦး စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုသူ(၆)ဦးနှင့် စုစုပေါင်းဖြေဆိုသူ(၄၃၁)ဦးပြီး (၉၇.၅)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးဌာနမှ တာဝန်ရှိများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသမူဆယ်မြို့၌ ကျောင်းသား/သူများ အေးချမ်းသာယာပျော်ရွှင်စွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)