လင်းခေး မတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကျင်းပကြောင်း သိရသည်။
အဆိုပါစာမေးပွဲသို့ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၇၈)ဦး ဝင်ရောက်ဖြေဆိုကြပါသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စစ်ဗျူဟာအဖွဲ့ (အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦး အောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့မှ စာမေးပွဲပြီးမြောက်သည်အထိ စာမေးပွဲ လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)