လွိုင်လင်မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

လွိုင်လင် မတ် ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက လူငယ်များ ကျောင်းစာပေများအပြင်၊ ပြင်ပဗဟုသုတများ သိရှိလာစေရန်နှင့် အသိပညာ၊ အတတ်ပညာများ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေဗဟုသုတများ ကြွယ်ဝလာစေရန် အကြောင်းအရာများဖြင့် ဦးဆောင်ကာ ဆွေးနွေးပေးခဲ့ကာ အမှတ် ၁၊ ရပ်ကွက်နေ စိုင်းကျော်သူရအောင်မှ  ဒို့ကျေးရွာဂျာနယ်(အတွဲ-၂၂၊ အမှတ်-၁)ပါ လွတ်လပ်ရေးနှင့် နိုင်ငံသားတို့တာဝန်ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် အမှတ်-၄၊ ရပ်ကွက်နေ မဆောင်းနှင်းပွင့်ဖြူမှ ဂျာနယ်ပါ နိုင်ငံစီးပွားရေးကို အထောက်အကူပြုစေသည့် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်  ထပ်ဆင့်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက်အသီးသီးမှ လူငယ်များက သက်ဆိုင်ရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ မြို့ပေါ်ရပ်ကွက်အသီးသီးမှ လူငယ် ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)