ရှမ်းပြည်နယ်

မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မဲကင်ကျေးရွာရှိ ခန်းမဆောင်တွင် မဲကင်အုပ်စု၊ မဲကင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲနှင့် ကလေးပြိုင်ပွဲများပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင်‌ ဟောပြောပွဲ၊ အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်‌နေ့ည‌နေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားတွင် နွေရာသီအားကစားသင်တန်းများ ဆက်လက်ဖွင့်လှစ်လျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့တွင် နွေရာသီကာလကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ကာယ ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် မတ်လ (၂) ရက်နေ့မှစတင်၍ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထားရမည့် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်ပေါ်လာစေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဟေုသုတနှင့် ပြည့်စုံသည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မက်မန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်တရားမြို့၌ ဆောင်းသီးနှံ ဆီမုန်ညှင်း ရိတ်သိမ်းပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ဆီမုန်ညှင်း ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နှစ်စဉ် ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မိုင်းစံမြို့ တရုတ်ကျူရှင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဆက်လက်သင်ကြားပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားနည်းသင်တန်းကို မြို့မအားကစားကွင်း၌ မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက နည်းပြဆရာများက (၁၈)ရက်နေ့မြောက်အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောနှင့် ပန်းအလှခေါက်ခြင်း Activities ဆောင်ရွက်

ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန် ကလေးစာဖတ်ခန်း Activities ကိုပြုလုပ်ခဲ့ပါသည်။

မောက်မယ်မြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့နယ်သံယာ့နာယကအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ရှင်သာမဏေသံယာတော်များ နွေရာသီအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အနာဂတ်အနေဖြင့် လိုက်နာရမည့် ပြည်သူ့နီတိများကို သိရှိကာ ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ အောင်မင်္ဂလာမွေတော်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ရှင်သာမဏေသံယာတော်များအား နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။ 
Subscribe to ရှမ်းပြည်နယ်