မိုင်းတုံမြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကွင်းဆင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မဲကင်ကျေးရွာရှိ ခန်းမဆောင်တွင် မဲကင်အုပ်စု၊ မဲကင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။