ကလော မတ် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၇ ခု မှ ကျောင်းသား၊ ကျောင်းသူ (၁၆၈၉)ဦး စာရင်းပေးသွင်းထားပြီး (၁၆၄၈)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အ.ထ.က(၁)ကလောတွင် ၂၆၉ ဦး၊ အ.ထ.က(၃)အောင်ပန်းတွင် ၄၆၃ ဦး၊ အ.ထ.က(၅)အောင်ပန်းတွင် ၃၆၁ ဦး၊ အ.ထ.က(၈)အောင်ပန်းတွင် ၃၈၅ ဦး၊ အ.ထ.က(၄)ဟဲဟိုးတွင် ၇၇ ဦး၊ အ.ထ.က(၆)ဘော်ဆိုင်း တွင် ၃၄ ဦး၊ အ.ထ.က(၇)အင်းခေါင်း တွင် ၅၈ ဦး စုစုပေါင်း ၁၆၄၇ ဦးနှင့် ထပ်တိုး ၁ ဦးစုစုပေါင်း ၁၆၄၈ ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၅၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)