ရပ်စောက် မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် စာစစ်ဌာနများသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနှင့် တပ်နယ်မှအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၉)နာရီက အဆိုပါစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗထူးတပ်နယ်မှူးတို့သည် အ.ထ.က(၂)၊ အ.ထ.က(၁)ဗထူး၊ အ.ထ.က(၁)ရပ်စောက်၊ အ.ထ.က(ပင်ဖြစ်)၊ အ.ထ.က(ကောင်းဘို့)စာစစ်ဌာနများသို့ သွားရောက်၍ မြန်မာစာဘာသာရပ်စာမေးပွဲဖြေဆိုနေမှုခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကြီးကြပ်ရေးမှူးများ၊ တာဝန်ရှိဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ရပ်စောက်မြို့နယ်တွင် အင်တောမြို့နယ်ခွဲအပါအဝင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၆)ခုရှိပြီး ဖြေဆိုရန်စာရင်းရှိ ကျား (၂၈၅) ဦး၊ မ (၅၃၃) ဦး၊ စုစုပေါင်း (၈၁၈)ဦးဖြစ်ပြီး ယနေ့ မတ်လ ၁၇ ရက်နေ့ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျား (၂၇၀) ဦး၊ မ (၅၁၇) ဦး၊ စုစုပေါင်း (၇၈၇) ဦး လာရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက် (၃၁)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)