ရှမ်းပြည်နယ်

မိုးနဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီးခဲ့သည့် ‌ကျောင်းသား/သူများအား အလှူရှင်များက အချိုရည်များ တိုက်ကျွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာဖြေဆိုပြီးခဲ့ကြသည့် ကျောင်းသား/သူများအား စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက အချိုရည်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ မူလတန်းကြိုကျောင်း ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကွန်ဟိန်း မူလတန်းကြိုကျောင်း၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဟိတကာရီခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အားလုံး အောင်မြင်စွာဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့အထိ ဘာသာရပ်အားလုံးအား စိတ်အေးချမ်းမြေ့အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ ၁၇ ရက်ကစတင်ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ဇီဝ​ဗေဒနှင့် ​ဘောဂ​ဗေဒဘာသာရပ်ကို အ.ထ.က(မိုင်းဖြတ်)စာစစ်ဌာန၌ ဆက်လက်​ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့တွင် ဖြေဆိုပြီးစီးခဲ့သည်။

မိုင်းယောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့ နေ့လယ် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌  ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်အခမဲ့ငှားရမ်းပေးခဲ့ကြသည်။

မိုင်းယောင်းမြို့၌ မဟာအတာသင်္ကြန်နှင့် သနပ်ခါးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်‌ဆွေသည် ယနေ့နံနက် ၉ နာရီက မဟာအတာသင်္ကြန်နှင့် သနပ်ခါးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်