မိုးနဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီးခဲ့သည့် ကျောင်းသား/သူများအား အလှူရှင်များက အချိုရည်များ တိုက်ကျွေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာဖြေဆိုပြီးခဲ့ကြသည့် ကျောင်းသား/သူများအား စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက အချိုရည်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။