မိုးနဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီးခဲ့သည့် ‌ကျောင်းသား/သူများအား အလှူရှင်များက အချိုရည်များ တိုက်ကျွေး

မိုးနဲ မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ် ၁၇ ရက်နေ့ နေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာဖြေဆိုပြီးခဲ့ကြသည့် ကျောင်းသား/သူများအား စေတနာရှင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများက အချိုရည်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးနဲမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ နမ့်စန်ခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်း၍ ‌တက္ကသိုလ်ဝင်စာ‌မေးပွဲကို ဖြေဆိုပြီးခဲ့ကြသည့် ကျောင်သား၊ ကျောင်းသူများ စိတ်အပန်းပြေစေရန်အတွက် အချိုရည်များတိုက်‌ကျွေးခြင်းဖြစ်‌ကြောင်း သိရသည်။

မိုးနဲမြို့နယ် အ.ထ.က(မိုးနဲ)စာစစ်ဌာနတွင် စာရင်းရှိ ၈၈ ဦးရှိပြီး ယနေ့လာ‌ရောက်ဖြေဆိုသူ ၈၇ ဦးရှိရာ တစ်ဦးပျက်ကွက်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် လိုအပ်သော ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးဆိုင်ရာကိစ္စများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)