မိုင်းယောင်း မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက် ၉ နာရီက မဟာအတာသင်္ကြန်နှင့် သနပ်ခါးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
ထို့သို့ဆောင်ရွက်ခဲ့ရာ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် သနပ်ခါးပွဲတော်ကျင်းပနိုင်ရေး မှာကြားဆွေးနွေးပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မျိုးအေးချိုက မဟာအတာသကြင်္န်ပွဲတော်တွင် ပါဝင်မည့်သူများအား ဝတ်စုံဖြင့် အစမ်းလေ့ကျင့်ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)