တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးစီး

တန့်ယန်း မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ ကျောင်းသား၊ ကျောင်းသူများ ယနေ့တွင် ဖြေဆိုပြီးစီးခဲ့သည်။

၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ စာစစ်ဌာန(၁)၌ ဇီဝဗေဒဘာသာတွဲတွင် (၆၅)ဦး၊ ဘောဂဗေဒဘာသာတွဲတွင် (၆၀)ဦး စုစုပေါင်း (၁၂၅)ဦး၊ စာစစ်ဌာန(၂)၌ ဇီဝဗေဒဘာသာတွဲတွင် (၃၆)ဦး၊ ဘောဂဗေဒဘာသာတွဲတွင်(၂၇)ဦး စုစုပေါင်း(၆၃)ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်စေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တာဝန်ကျဌာနဆိုင်ရာအကြီးကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ပြည်သူ့ကျန်းမာရေးဌာန၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့တို့မှ အပြင်စည်းဖြင့် လိုအပ်သည်များကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)