ရှမ်းပြည်နယ်

ကလောမြို့နယ်၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်‌ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် (၂/၄)မိုင်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့နယ်၊‌‌ ဘော်နင်းကျေးရွာအုပ်စု၊ ညောင်ကုန်း-လက်မောင်းကွေးလမ်းတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်‌သော ကျေးရွာချင်းဆက်ကတ္တရာလမ်းသစ် (၂/၄) မိုင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ကလောခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျေးသီးမြို့နယ်ရှိ ကျေးရွာ(၂)ရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေး‌ပေးခြင်း အခမ်းအနားကို မတ် ၂၁ ရက် နံနက်ပိုင်းက ဝမ်ဖွီးကျေးရွာအုပ်စု၊ နမ့်ကစ်ကျေးရွာ၌   တာဝန်ရှိသူများမှ ထုတ်ချေးပေးခဲ့သည်။

မိုင်းပျဉ်းမြို့တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကလောမြို့နယ် ညောင်ကုန်း-လက်မောင်းကွေးလမ်း ကတ္တရာလမ်းသစ် တက်ရောက်ဖွင့်လှစ်ပေး

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုနှင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ညောင်ကုန်း- လက်မောင်းကွေးလမ်း ကတ္တရာလမ်းသစ် (၂/၄)မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘော်နင်းကျေးရွာတွင် ကျင်းပသည်။

တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းစတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်

တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူခြင်းနှင့် ရွှေဆိုင်းများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဓမ္မာရုံတွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ္ဘောဇဘဏ်လီမိတက်နာယက၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ညောင်ရွှေမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အထောက်အကူပြုစေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျေးသီးမြို့တွင် စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်ကျင်းပသည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး၌ သာသနာ့အာဇာနည်များအား စာအောင်ဆုနှင့် ဆုနှင်းသဘင် ချီးမြှင့်ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ နောင်တရားပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ်ကျင်းပပြုလုပ်သည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး၌ စာအောင်သာသနာ့အာဇာနည် သံဃာတော်အရှင်မြတ်များအား စာအောင်ဆုနှင့် ဆုနှင်းသဘင်ချီးမြှင့်ဆက်ကပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ဥတို‌ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့နယ်၊‌ အောင်ပန်းမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက အောင်ပန်းမြို့ အားကစားခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်