မိုင်းဖြတ် မတ် ၂၂
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မတ်လ ၁၇ ရက်ကစတင်ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို အ.ထ.က(မိုင်းဖြတ်)စာစစ်ဌာန၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပညာရေးဌာနမှ စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကိုလည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စာမေးပွဲဖြေဆိုပြီးချိန် ကျောင်းသား၊ ကျောင်းသူများကို အလှူရှင်များမှ လှူဒါန်းသည့် အချိုရည်နှင့် မုန့်များကို တာဝန်ရှိသူများက ဝေငှပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ ၂၂ ရက်နေ့ထိ ကျင်းပလျက်ရှိပြီး စာရင်းပေးသွင်းထားသူ ကျောင်းတွင်းဖြေ (၇၅) ဦး၊ ပြင်ပဖြေ (၄)ဦး စုစုပေါင်း (၇၉) ဦးအနက် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ဘာသာတွဲအလိုက် ကျောင်းတွင်းဖြေ (၇၂)ဦး၊ ပြင်ပဖြေဆို (၃)ဦး စုစုပေါင်း(၇၅)ဦး ဖြေဆိုခဲ့ကြသည်။
မြို့နယ်အတွင်း စာမေးပွဲစတင်ဖြေဆိုသည့်ရက်မှ ယနေ့ မတ်လ ၂၂ ရက်အထိ ဆက်လက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်မှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)