မိုင်းပျဉ်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး

မိုင်းပျဉ်း မတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌  ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒနှင့် ဇီဝဗေဒဘာသာရပ်ကို ခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

၂၀၂၄−၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် နောက်ဆုံးနေ့အဖြစ် တစ်ပြိုင်တည်း ဆက်လက်ကျင်းပလျက်ရှိရာ မိုင်းပျဉ်းမြို့နယ်၊ အ.ထ.က စာစစ်ဌာနတွင် ဘောဂဗေဒနှင် ဇီဝဗေဒဘာသာရပ်ကို  စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၃၄) ဦးရှိပြီး ပျက်ကွက်မရှိဘဲ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြီးစီးသည့်ရက်အထိ စိတ်အေးချမ်းသာစွာနှင့် ပျော်ရွှင်ချမ်း‌မြေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အတွင်း၊ အပြင်လုံခြုံရေး၊ ကျန်းမာရေးဌာနနှင့်  ကြက်ခြေနီတပ်ဖွဲ့တို့က ကျန်းမာရေးစောင့်‌ရှောက်ပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ပြီး ဖြေဆိုခဲ့သည့် ကျောင်းသား၊‌ ကျောင်းသူများအား မြို့မစခန်းမှူး ရဲမှူးအောင်ကျော်မှ အချိုရည်နှင့် မုန့်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)