လွိုင်လင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အားလုံး အောင်မြင်စွာဖြေဆိုပြီးစီး

လွိုင်လင် မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ယနေ့အထိ ဘာသာရပ်အားလုံးအား စိတ်အေးချမ်းမြေ့အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့သည်။

လွိုင်လင်မြို့တွင် စာစစ်ဌာန(၂)ခုရှိရာ ဖြေဆိုရန် လျှောက်လွှာတင်ခဲ့သည့် ကျောင်းသား/သူ စုစုပေါင်း(၂၉၆)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ (၂၈၁)ဦး၊ ပျက်ကွက်(၁၅)ဦး ရှိခဲ့သည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား စိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)