ကျိုင်းတုံ မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးနှင့် MSME စီးပွားရေး သင်တန်းနည်းပြ ဦးစတီဗင်လင်းတို့က စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းများ၊ စားသောက်ကုန်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များ၊ စားသောက်ကုန်စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေးဆိုင်ရာ စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများကို MSME စားသောက်ကုန်လုပ်ငန်းရှင်များကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)