မိုင်းယောင်းမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစီး

မိုင်းယောင်း မတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့ နေ့လယ် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က (မိုင်းယောင်း) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ ဖြေဆိုခဲ့ရာ ကျောင်းတွင်းဖြေ ၄၉ ဦး၊ ကျောင်းပြင်ပဖြေ ၇ ဦး စုစုပေါင်း ၅၆ဦးရှိပြီး လာရောက်ဖြေဆိုသူ ၅၁ ဦးရှိရာ ၉၁ ဒသမ ၀၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က  ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)