ရှမ်းပြည်နယ်

မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ကျင်းပသည်။

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် နိုင်ငံတကာသင်ရိုးသင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့်တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်ဒေသဆိုင်ရာကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် နိုင်ငံတကာသင်ရိုးသင်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီကရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မင်းသီဟနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့တွင် ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သူကြီးများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်အသင်း (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်‌မြောက်ပွဲ ကျင်းပ

‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ Myanmar Real Estate Services Association (Eastern Shan State- ESSRESA) အသင်း၏ ပဉ္စမအကြိမ်မြောက် ၂၀၂၆-၂၀၂၉ ခုနှစ် (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်၊ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကောင်းရပ်ကွက် Happy Sense တွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ်အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အဖွဲ့ဝင်များသည် မိုးနဲမြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မြို့နယ်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံနှင့် တာဝန်ရှိသူများ သီပေါမြို့နယ်အတွင်း မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၈ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “လူငယ်နှင့်အခွင့်အလမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပခဲ့သည်။

လားရှိုးမြို့ရှိ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး မိသားစုနှင့် အလှူရှင်များမှ အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်၌ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်