ရှမ်းပြည်နယ်

မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုရောင်းချသူများ စျေးကောင်းရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုနှုတ်ယူရောင်းချသူများ မှို၁၀ကျပ်သားကို ငွေကျပ်၁၅၀၀နှုန်းဖြင့် ရောင်းချနေရပြီး စျေးကောင်းရလို့အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှသိရသည်။

ပင်းတယမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ(၇၂)ကြိမ်မြောက်သာသနဟိတပရိယတ္တိ စာပြန်ပွဲတော်နှင့် အကြိမ်(၇၀)မြောက် စာဖြေပွဲတော်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ဓမ္မာရုံတွင် ယမန်နေ့က မြို့နယ်လုံးဆိုင်ရာ (၇၂) ကြိမ်မြောက်သာသနဟိတပရိယတ္တိစာပြန်ပွဲတော်နှင့်အကြိမ် (၇၀)မြောက် စာဖြေပွဲတော်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် တာဝန်ရှိသူများလိုက်ပါလျက် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသောမျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်မြေသြဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပကာ ပဲပုပ်စိုက်တောင်သူများအား ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မျိုးစေ့နှင့်မြေသြဇာထောက်ပံ့ပေးအပ်ခဲ့ပြီး မိုးပဲပုပ်မျိုးသန့်ပွားစံပြစိုက် ခင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

မိုးနဲမြို့နယ် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းပျဉ်းမြို့‌နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်)စာမေးပွဲကို ယနေ့နံနက်(၉)နာရီက အ.ထ.က-စာစစ်ဌာန၌ ကျင်းပခဲ့သည်။

အ.ထ.က(မိုင်းကိုင်)၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို အ.ထ.က(မိုင်းကိုင်)ရှိ မြတ်သီရိခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၌ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဖကျောက်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာတို့၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ဈေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဈေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးတွင် ကျင်းပသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၁)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းဝထ္တုငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၂၆ ခုနှစ်၊ နှစ်(၃၁)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းဝထ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ပြုလုပ်သည်။

ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ် တောင်ကြီး၊ လွိုင်လင် သစ်ထုတ်လုပ်ရေးဒေသ ရပ်စောက်မြို့၊ မွေတော်သစ်ဆိပ်ရှိ သစ်မာလုံးများနှင့် တင်ဒါအောင်မြင်သည့် အငှားသစ်စက် (၆) စက်အား သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့သစ်လုပ်ငန်း၊ ရှမ်းပြည်နယ် ရပ်စောက်မြို့ရှိ မွေတော်သစ်ဆိပ်၌ သစ်မာသစ်လုံးများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သည့် ရပ်စောက်အငှားသစ်စက် (၆) စက်တို့အား ဇွန်လ (၁၄) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Subscribe to ရှမ်းပြည်နယ်