မိုးနဲ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့် အခြေခံပညာလယ်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်(UID)ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း ဧရာဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဦးစွာ နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်ကအဖွင့်အမှာစကားပြောကြားပြီး လမင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော ကျောင်းသား(၃၇)ဦး၊ ကျောင်းသူ (၄၈)ဦး၊ စုစုပေါင်း(၈၅)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ကို ခရိုင်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေးမှူး ရဲမှူးသန်းစိုး ၊မြို့နယ်ပညာရေးမှူး ဒေါ်နီလာနှင့်တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)