မောက်မယ် ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပရိယတ္တိပါဒကစာသင်တိုက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် မြို့နယ်သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တစန္ဒိမာ(သာသနဓဇ ဓမ္မာစရိယ) သက်တော်(၉၀) သိက္ခာတော်(၇၀)ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပန သာဓုကိဋာနပူဇော်ပွဲတွင် ဇွန်လ ၁၂ ရက်နေ့ည ၇ နာရီက အဆိုပါကျောင်း၌ ဓမ္မကထိကတန့်ယန်းဆရာတော်(စဝ်စုခမ်း)တရားပွဲတော်၏ “သေခြင်းတရားငါးပါး” ခေါင်းစဉ်ဖြင့်(ရှမ်း/ဗမာ)နှစ်ဘာသာ တရားပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ညနေ ၅ နာရီ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဦးဆောင်မှုဖြင့် ဓမ္မကထိကတန့်ယန်းဆရာတော်(စဝ်စုခမ်း) မြို့ဦးဆိုင်းဘုတ်၌ စတင်ကြိုဆိုပြီး ည ၇ နာရီတွင် “သေခြင်းတရားငါးပါး” ခေါင်းစဉ်ဖြင့်တရားပွဲကျင်းပရာ ဓမ္မမိတ်ဆွေများ စည်ကားသိုက်မြိုက်စွာတက်ရောက်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)