မိုင်းယောင်း ဇွန် ၁၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် နမ့်ယောင်းချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရက် ၁၀၀ စီမံချက်ဖြင့် နမ့်ယောင်းချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်) ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ပြီး ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း (ပြန်/ဆက်)