ရှမ်းပြည်နယ်

ကျောက်မဲမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ (၂၅) ရက်နေ့တွင် နိုင်ငံအတွင်း ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံအသီးသီး၌ ယနေ့နံနက် (၆) နာရီက စတင်ကျင်းပခဲ့သည်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့  နံနက် (၆) နာရီအချိန်မှစတင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံဦးခင်မောင်ဦးသည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့်အဖွဲ့ဝင်များ ညောင်ရွှေမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ညောင်ရွှေမြို့နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်လူငယ်များ၏ စကားသံများ

ညောင်ရွှေမြို့နယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်လူငယ်များ၏ စကားသံများ တွေ့ဆုံမေးမြန်း - နေမျိုးသူရိန် မောင်ဝင်းထက်ဗိုလ် (နန္ဒဝန်ရပ်) ကျွန်တော့်အနေနဲ့ ပထမဆုံး ဆန္ဒမဲပေးခြင်းဖြစ်ပါတယ်၊ ကိုယ်ကြိုက်တဲ့ ပါတီကိုပဲ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ပါတယ်၊ ကျွန်တော်တို့ လူငယ်တွေအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ်ပေါ်ပေါက်လာမယ်လို့ပဲ မျှော်လင့်ပါတယ်။

မိုးနဲမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ဆန္ဒမဲပေးခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက် ယနေ့နံနက် ၆ နာရီအချိန်မှ စတင်၍သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိမဲရုံအသီးသီးတွင် ပြုလုပ်လျက် ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ငြိမ်းချမ်းစွာဆန္ဒမဲပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ မဲဆန္ဒရှင်ပြည်သူများ နံနက် ၆ နာရီမှစတင်၍ ငြိမ်းချမ်းစွာ ဆန္ဒမဲပေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်းပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းစံမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့အတွင်းရှိ မဲရုံများတွင် ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ရှမ်းပြည်နယ် (တောင်းပိုင်း) တွင် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းစံမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဂန္ဓကုဋိကျောင်းဆောင်တော်၌ (၂၆) ကြိမ်မြောက် နေ့ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးအတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေး

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည် နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃)တွင်ပါဝင်သည့်  ညောင်ရွှေမြို့နယ် အပါအဝင်မြို့နယ် (၉)မြို့နယ်ရှိမဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင်လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
Subscribe to ရှမ်းပြည်နယ်