မိုင်းကိုင် ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို အ.ထ.က(မိုင်းကိုင်)ရှိ မြတ်သီရိခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း (၄၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ထုတ်ပေးခြင်းကို နေ့ခြင်းပြီး ဆောင်ရွက်ပေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးနှင့် တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနှင့်တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID မှတ်တမ်းများအား ကျောင်းသား/ကျောင်းသူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ချော(မိုင်းကိုင်)