ကျိုင်းတုံ ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဈေးကွက်လည်းတွင် ဆေးဖက်ဝင် အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညို၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေတို့ကအမှာစကားပြောကြားပြီး သစ်တောဦးစီးဌာန သစ်တောသုတေသနမှ ဒေါက်တာသီတာဆွေနှင့် ဒေါက်တာမူမူအောင်၊ ပြည်နယ်/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းတို့က ဈေးကွက်လည်းတွင် ဆေးဖက်ဝင်အပင်မျိုးစိတ်များ၏ အသုံးပြုမှုဆိုင်ရာ ဟောပြောဆွေးနွေးသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်တို့က ဆေးဖက်ဝင်အပင်များနှင့်ပတ်သက်သော တိုင်းရင်းဆေးပညာအသိပညာပေးဟောပြောဆွေးနွေးကြရာ တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)