မိုင်းယန်း ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၂၀၂၆ ခုနှစ်၊ နှစ်(၃၁)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းဝထ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်နိုင်အေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေနှင့်ဝန်ထမ်းများ၊ ဝန်ထမ်းများ၏ မိသားစုဝင်များတို့မှ နှစ်(၃၁)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နံနက် ၅ နာရီခွဲ အချိန်တွင် ဝိန်းလိတ်ရပ်ကွက်၊ ထေရဝါဒသာသနာပြု ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နံနက် ၆ နာရီအချိန်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ အန္တရာယ်ကင်းပရိတ်တရားတော်နာယူ၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး