ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်၌ အသိပညာပေးဟောပြော

မိုင်းယောင်း ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဖကျောက်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာတို့၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ လူငယ်ရေးရာ၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကင်းစင်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်ရေးများကို ဟောပြောပြီး အုတ်ကြွပ်များ အဆင့်မီထုတ်လုပ်နိုင်ရေး၊ ရော်ဘာ၊ ကော်ဖီနှင့် လက်ဖက်များ ကုန်ချောထုတ်လုပ်နိုင်ရေး၊ ၂၀၂၆-၂၀၂၇ ဆီထွက်သီးနှံနေကြာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရေချောင်းများသန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးတို့ကို ဆွေးနွေးသည်။

ထို့နောက် အဆိုပါကျေးရွာများ၌ မြေငှားဂရန်ပေးအပ်ရာတွင် လူနေအိမ်များသည် လမ်းနယ်နိမိတ်နှင့် လွတ်ကင်းမှု ရှိ၊ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း