ရှမ်းပြည်နယ်

ရွာငံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာ​မ ခင်စောတင့် ရေးသားသော ဘဝအသစ်ရဲ့အစများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မိုင်းခတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့၊ ခရိုင်လူမှုဝန်ထမ်းရုံးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင် ပြုလုပ်ပါသည်။

နမ့်စန်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ ဝါဆိုပန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ဝါဆိုပန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာဝရနှင့် သံဃာတော်(၅)ပါး၊ ရှင်သာမဏေ(၇၄)ပါးနှင့် ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။

မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်းမိသားစု ဝါဆိုသင်္ကန်းကပ်လှူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း မိသားစုက ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က ဥယျာဉ်ရပ်ကွက် ဆင်တောင်(လွိုင်စန့်)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

လဲချားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံ​နက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်၌ ကျေးရွာချင်းဆက်မြေသားလမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မက်မန်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကွန်ဟောင်းကြီး-ပန်ဟုန်းလမ်း ကျေးရွာချင်းဆက်မြေသားလမ်းချဲ့ခြင်းလုပ်ငန်းအတွက် စစ်ဆေးတိုင်းတာခြင်းကို ယမန်နေ့  နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်းသိရှိရသည်။

တာချီလိတ်မြို့ စက်မှုဇုန်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ကိုယ်ထူကိုယ်ထ ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ စက်မှုဇုန်အတွင်း မိုးရာသီကာလရေစီးရေလာကောင်းမွန်စေရေးအတွက် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စက်မှုဇုန် (၃)လမ်း၌ ရေနုတ်မြောင်းများတူးဖော် ဆောင်ရွက်လျက်ရှိသည်။

ရပ်စောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဗထူး)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင်(၇၈) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ဗထူး)ကျောင်း၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်