ရပ်စောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဗထူး)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ပြုလုပ်

ရပ်စောက် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင်(၇၈) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း(ဗထူး)ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခန်းစောင့်ဆရာမများမှ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည်အာဇာနည်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၁၀)ဦး၊ ကဗျာပြိုင်ပွဲတွင်(၃)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၆)ဦး၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မမေ့အပ်သောအာဇာနည်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၁၂)ဦး၊ ကဗျာပြိင်ပွဲတွင်(၅)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၄)ဦး၊ မူလတန်းအဆင့် စာစီစာကုံပြိုင်ပွဲတွင် “အာဇာနည်ဒို့မမေ့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၉)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၆)ဦး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)