ရွာငံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာရေးဆရာမ ခင်စောတင့် ရေးသားသော ဘဝအသစ်ရဲ့အစများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး၊ Book Club အသင်းမှ မနန်းယုယုလင်းက မုသားစကားမဆိုချင်ပါအကြောင်းကိုလည်းကောင်း၊ မစန္ဒါလင်းမှ စိတ်ဓါတ်ကြံ့ခိုင်တဲ့ သားသမီးတွေ ဖြစ်ဖို့အကြောင်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာသော စာပေချစ်သူများမှလည်း အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းကို Book Club အသင်းစာ ပေဝါသနာရှင်များ တက်ရောက်ကြပြီး လစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပြည်ဖြိုးသန့်