ရှမ်းပြည်နယ်

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

မက်မန်းမြို့ ပညာဒီပကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ 

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ သီတင်းသုံးနေထိုင်မူနေသော င်္သဃာတော်အရှင်သူမြတ်တို့အား မြတ်သောဒါနဖြစ်သည့် (၃၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ ပညာဒီပကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးနဲမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်ရှိ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မန်ကန်မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းတွင် ရဟန်းသာမဏေအပါး(၅၀)အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မန်ကန်မြို့ မြို့မဘုန်းကြီးကျောင်းတွင် (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်​ပြီးဌာနဆိုင်ရာများနှင့် ဒေသခံအလှူရှင်များ တက်ရောက်၍ ရဟန်းသာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က Mobile Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)မြို့မ အခြေခံပညာ အလယ်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း ပေးခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်၌ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များမှ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပသည်။

နမ့်စန်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်