ရှမ်းပြည်နယ်

တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဥဩဆွဲ၍ တစ်မိနစ်ငြိမ်သက် အလေးပြု

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌  ယနေ့ ၁၀ နာရီ ၃၇ မိနစ်က ဥဩဆွဲ၍ တစ်မိနစ်ငြိမ်သက် အလေးပြုခြင်းကို မီးသတ်ဦးစီးဌာန၊ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည် ရေး တံတားအနီး အဝိုင်းပတ်နှင့် အမှတ် (၂) တံတား မီးပွိုင့်အနီးတို့တွင် ပြုလုပ်သည်။

တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးနေသည်။

မိုင်းတုံ-တာဆန်းသွားလမ်း ပခုံးမြေသားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အ‌ခြေအနေအား ကွင်းဆင်းစစ်‌‌ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုရရန်ပုံငွေ (၂၉.၅၀)သန်းဖြင့် မိုင်းတုံ-မိုင်းတာဆန်းသွားလမ်းရှိ‌‌ 235km- 235.63km အတွင်း အရှည် (၈၂၀)ပေ ဘေးဝဲယာရှိ လမ်းပခုံးမြေသားများ ပဲ့ကျသောနေရာအား မျောတုတ်ရိုက်ခြင်းလုပ်ငန်းကို လမ်းအထူး(၃)အဖွဲ့မှ ဦးဆောင်၍ စတင်ဆောင်ရွက်‌နေမှု အခြေအနေအား မြို့နယ် တည်ဆောက်ရေး လုပ်ငန်းများ ကြီကြပ်မှုကော်မတီဥက္ကဋ္ဌ ဦလွင်မိုး၊ အတွင်းရေးမှူး ဦးရဲအောင်နိုင် (ဦးစီးအရာရှိ၊ မြို့ပြ) လမ်းအထူး(၃) ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)တို့ ပူးပေါင်း၍ ယမန်နေ့ (၁၃:၃၀)နာရီအချိန်က ပြီးစီးမှုအ‌ခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လမ်းအထူး(၃) မှ ဦးဆန်းထွန်းဝင်း (အငယ်တန်း အင်/ယာ-၂ မြို့ပြ)နှင့် တာဝန်ရှိသူက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနပိုင်၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်‌ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်‌ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်တောမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်တောမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈:၃၀ နာရီက အင်တော-နောင်ချိုကားလမ်းဘေးရှိ သစ်တောကြိုးဝိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့သည်။

ရပ်စောက်မြို့၌ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ရောင်ခြည်ဦးကျေးရွာ၊ ရောင်ခြည်ဦး စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၃၁)ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း (၃၂၁.၅) ဧကရှိရာ ကျပ်(၆၄၃)သိန်း တန်ဖိုးရှိသော စပါးမျိုးနှင့် သွင်းအားစုများ ထောက်ပံထားရှိပြီး အသင်းသားများ၏ စိုက်ဧကများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ ကြိုးတန်းစနစ်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား
Subscribe to ရှမ်းပြည်နယ်