အင်တော ဇူလိုင် ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်တောမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈:၃၀ နာရီက အင်တော-နောင်ချိုကားလမ်းဘေးရှိ သစ်တောကြိုးဝိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ အင်တောမြို့ သစ်တောဦးစီးဌာနတာဝန်ခံ၊ မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနေပြည်သူ့စစ်အဖွဲ၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ခါတော်မှီပျိုးပင် (၁၆၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)