မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

မိုင်းရယ် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဘဝဇာတ်ကြောင်းနှင့် လွတ်လပ် ရေး ကြိုးပမ်းခဲ့ပုံတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် အ.ထ.က၊ အ.လ.က၊ မူလွန်(၁)၊ မူလွန်(တပ်တွင်း)ကျောင်းတို့မှ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၅)ဦးတို့က အာဇာနည်‌နေ့ အထိမ်းအမှတ် ပန်းချီကို ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ကျောင်းသား၊ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန၌ ပြသထားသည့်အာဇာနည် ခေါင်း‌ဆောင်ကြီးများ၏ ကိုယ်‌ရေးမှတ်တမ်း နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)