တန့်ယန်း ဇူလိုင် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးနေသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် ရုံးဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားများအား လိုအပ်သည်များကို ပြုလုပ်ဆောင်ရွက်ပေးနေရာ ရပ်ကွက်အသီးသီးမှ အငြိမ်းစားများလာရောက်ဆောင်ရွက်နေကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)