မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဖြင့်  စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဇူလိုင်၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့  ပူးပေါင်း၍ ယနေ့တွင် မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆရာအောင်သင်းရေးသားသော “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။ ထို့နောက် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက "ရည်မှန်းချက်ဟူသည်ဝါသနာဗီဇတို့အပေါ်မူတည်ပါသလား"၊ "ဘဝရည်မှန်းချက်အောင်မြင်ပြီးမြောက်ဖို့ ကြိုးပမ်းအားထုတ်ရမည့်ခံယူချက်များ” စသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)