ကျိုင်းတုံ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်နှင့် ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲကို ယမန်နေ့က မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်ပန်(အာခါ)ရွာအနီး တောင်သူ ဦးအားပေါက်၏ (ခြံမြေ)မြေနေရာတွင် ကျင်းပသည်။
တိရစ္ဆာန်အစာပင် စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးနိုင်နှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူတို့က စိုက်ပျိုးမည့် တိရစ္ဆာန်အစာပင်မျိုး (မွန်ဘားဆားမြက်) များကို ကျေးရွာနေပြည်သူများအား ပေးအပ်ပြီး ကျေးရွာနေ ဒေသခံပြည်သူများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများက တိရစ္ဆာန်အစာပင် မွန်ဘားဆားမြက်မျိုးများ စုပေါင်းစိုက်ပျိုးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် မွေးမြူရေးတောင်သူ ဦးအားပေါက်၏ နွားမွေးမြူရေးခြံတွင် ဒေသနွားအကောင်ရေ ၁၀၀ မွေးမြူထားရှိမှုနှင့် ဝမ်ပန်(အာခါ)ရွာအနီး ဦးစိုင်းတစ်၏ ကြက်မွေးမြူရေးခြံတွင် ဒေသကြက်အကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီပေါင်းစပ်ဆောင်ရွက်ပေးရန် ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)