ရှမ်းပြည်နယ်

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေး လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များအား အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာစကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ချောင်းရေမြင့်တက်မှုကြောင့် စိုက်ပျိုးပြီးစပါးခင်းများအတွင်း ရေဝင်ရောက်မှုအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ ၂၄ ရက်နေ့ အထိမိုးများရွာသွန်းခဲ့ပြီး မိုးရေတောင်ကျရေများကြောင့် နမ့်စလိုင်ချောင်းနှင့် နမ့်တွန်ချောင်းများမှ ချောင်းရေများမြင့်တက်ပြီး စိုက်ပျိုးပြီးသောစပါးခင်းများအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်အညွန့်အဖူးလေးများအတွက်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီပွားရေးဘဏ်၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

လဲချားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဆက်လက်ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းကို သီရိဟံသာခန်းမတွင် ဖွင့်လှစ်လျက်ရှိပါသည်။

ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့အတွင်းရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်များတွင် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

တာချီလိတ်မြို့၌ ‎ရေများပြန်လည်ကျဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဇူလိုင် ၂၁ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ဇူလိုင် ၂၃ ရက် ညနေ ၆  နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ ညပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌  ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအပေါ် သတိပြုဆင်ခြင်နိုင်ရန် အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်စဉ်များအပေါ် သတိပြုဆင်ခြင်နိုင်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်