လဲချားမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဆက်လက်ပို့ချ

လဲချား ဇူလိုင် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားသင်တန်းကို သီရိဟံသာခန်းမတွင် ဖွင့်လှစ်လျက်ရှိပါသည်။

အဆိုပါ သင်တန်းတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက အီလက်ထရောနစ်ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး အဆိုပါဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပထမအကြိမ်အဖြစ် ပညာရေးဝန်ထမ်း သင်တန်းသား ၆၈ ဦး၊ ရပ်ကျေးစာရေးဝန်ထမ်း ၇ ဦး၊ စုစုပေါင်း ၇၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)