တာချီလိတ်မြို့၌ ‎ရေများပြန်လည်ကျဆင်း

 

 

တာချီလိတ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဇူလိုင် ၂၁ ရက် ညပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းကာ ဇူလိုင် ၂၃ ရက် ညနေ ၆  နာရီခွဲခန့်မှစ၍ ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ ညပိုင်းမှစ၍ ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့ပတ်လမ်းအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မကာဟိုခမ်း၊ ဝမ်ကောင်းနှင့် ဆန်ဆိုင်း(က၊ ခ) ရပ်ကွက်များတွင် ရေများပြန်လည်ကျဆင်းသွားပြီး ပုန်းထွန်နှင့် တာလော့ရပ်ကွက်တို့တွင် ရေဝင်ရောက်မှု အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)