ကာလိ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ်(SIM Card)များ ရောင်းချမှုမရှိစေရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့အတွင်းရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်များတွင် ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းဦးဆောင်ကြီးကြပ်မှုဖြင့် ကာလိမြို့ရဲစခန်းမှ ဒုရဲမှူး တေဇလင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်မြင့်လွင်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံ ဦးမျိုးရန်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ရပ်ကွက်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော မိုဘိုင်းဖုန်းဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆင်းကတ် (SIM Card)များ ရောင်းချခြင်းမပြုကြရန် သတိပေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)