ရှမ်းပြည်နယ်

မိုင်းဆတ်မြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိပြည်သူများ ​ရေဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးလုပ်ငန်းစဉ်များနားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ ရှမ်း၊ မြန်မာ၊ အာခါ၊ လားဟူဘာသာတို့ဖြင့်ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက  ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းတုံ၌ အငြိမ်းစားပင်စင်စားများအား UID (ခေါ်) Smart Card များ ပြုလုပ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်ူးနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစာများအား Unique identity ကဒ်များ ပြုလုပ်ပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလောမြို့၌ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၃၅၀ ဦးစာရင်းရှိပြီ ၁၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့Community Centre ခန်းမ၌ Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက နောင်လုံးကျေးရွာအုပ်စု၊‌ ကျိုင်းခေါင်ကျေးရွာ၊ မူလတန်းကျောင်း၌‌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူနေမှု ကွင်းဆင်းစစ်ဆေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ခရိုင်လဝကဦးစီးမှူး ဦးမင်းနိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

နောင်တရားမြို့ပေါ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပေါ်၌ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

မိုင်းဖြတ်မြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများသို့ ပံ့ပိုးသည့် မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများသို့ ပံ့ပိုးသည့် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်