တောင်ကြီးမြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားကဏ္ဍသည်ဒွန်တွဲနေပြီး အားကစားမှသည် စိတ်ဓါတ်ခိုင်မာမှု၊ စည်းကမ်းရှိမှုနှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်မှန်း၍ ယမန်နေ့မွန်းလွဲ (၃) နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။