မိုင်းယုမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းဘေးနေထိုင်သည့် အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ အရေးပေါ်ကူညီကယ်ဆယ်ပြောင်းရွေ့
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမြင့်တက်ကာ ချောင်းဘေးနေထိုင်သည့် နေအိမ်များသို့ ရေဝင်ရောက်မှု ယနေ့နံနက် ၆ နာရီက စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။